ပုသိမ်   ၆     နိုဝင်ဘာ

 

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒေသကော်မတီရွေးချယ်ဖွဲ့စည်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ပုသိမ်မြို့နယ်စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌ ဉီးရဲမင်းအောင်နှင့် ပုသိမ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးတို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဌ ဦးသောင်းဝင်းက ဒေသကော်မတီ အမှတ်(၁) ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များနှင့်ဖွဲ့စည်းပုံတို့ကို ရှင်းလင်းတင်ပြခဲ့သည်။

 

၂

 

ထို့နောက် ပထမဆင့်အနေဖြင့် တစ်မြို့နယ်လျှင် မြို့နယ်ကိုယ်စားလှယ် ၂၀ ကိုလည်းကောင်း၊ ဒေသကော်မတီဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ စာရင်းစစ်နှင့် ပြန်ကြားရေးမှူးတို့ကို လည်းကောင်း၊ မြို့နယ်ကိုယ်စားလှယ်၂၀ အနက်မှ မြို့နယ်ကိုယ်စားပြုပြီး ဒေသကော်မတီ ဒုတိယဥက္ကဌ နှင့် တွဲဖက် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်မည့်သူတစ်ဦးစီကို လည်းကောင်း မြို့နယ်မှတက်ရောက် လာသူ၄၀ ၏ အများဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

 

ဆက်လက်၍ ရွေးချယ်ခံဒေသကော်မတီ အမည်စာရင်းအား ကြေညာခဲ့ပြီး ရွေးချယ်ခံ ကော်မတီ ဥက္ကဌ နှင့် အတွင်းရေးမှူးတို့က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ရာ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ ဖွဲ့စည်းပုံစည်းမျဉ်း၊ Letter Head၊ တံဆိပ်တုံးများအား ပေးအပ်ခဲ့ပြီး အသင်းချုပ် ဥက္ကဌ ဦးရဲမင်းအောင်မှ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

 

တိုးဝေဇင်(တိုင်းပြန်ဆက်)