တန့်ယန်း ၆ နိုဝင်ဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ဝက်သက်/ဂျိုက်သိုးကာကွယ်ဆေး အစုလိုက် ထိုးနှံခြင်းလုပ်ငန်း(၂၀၁၉) မြို့နယ်အဆင့်အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ထွန်းက အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ အောင်ဇော်ဦးက မြို့နယ်တွင် ဝက်သက်/ဂျိုက်သိုးကာကွယ်ဆေး အစုလိုက် ထိုးနှံခြင်း လုပ်ငန်း(၂၀၁၉) မြို့နယ်အဆင့် အသိပညာပေး ဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ ရပ်ကွက်နှင့် ကျေးရွာများတွင် ဝက်သက်ကာကွယ်ဆေး ထိုးနှံပေးမည့် အစီအစဉ်များကိုလည်းကောင်း အသိပညာပေး ဆွေးနွေးသည်။
အခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့တို့မှ တာဝန်ရှိသူ များနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)


