ဒဂုံ  ၆   နိုဝင်ဘာ                    

 

၂၀၁၉ ခုနှစ်အတွက်  နိုင်ငံတစ်ဝန်းလုံး  ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေးအပိုဆောင်း အစုလိုက် ထိုးနှံခြင်းလုပ်ငန်း အသိပညာပေးဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊  ဒဂုံမြို့နယ်၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ရုံးခန်းမဆောင်၌ ယနေ့နံနက်၉နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

1

 

ဆွေးနွေးပွဲတွင်    ဒဂုံမြို့နယ်အထွေထွေအုပ်ချုပ်ရေး   ဦးစီးဌာနမှ   ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုက  အဖွင့်အမှာစကား     ပြောကြားပေးပြီး   မြို့နယ်ပြည်သူ့ကျန်းမာရေး     ဦးစီး ဌာနမှူး ဒေါက်တာရွှေပြည်က၂၀၁၉ခုနှစ်အတွင်း  တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုဝင်ဘာ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ အထိအသက်(၉)လမှစ၍(၅)နှစ်ခွဲထိကလေးငယ်များအား ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးအပိုဆောင်း အစုလိုက်ထိုးနှံခြင်းလုပ်ငန်း  ဆောင်ရွက်မည်ဖြစ်၍ မိမိတို့မြို့နယ်၊ ရပ်ကွက်အတွင်းရှိ   ကလေးငယ်များ ကျန်ရှိမှုမရှိစေရေး ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်းနှင့်  ကာကွယ်ဆေးထိုးနှံရာတွင်လည်း  သိရှိရမည့်အချက်များ၊ တစ်နိုင်ငံလုံး အနေဖြင့် ၂၀၂၃ ခုနှစ်တွင် ဝက်သက် -ဂျိုက်သိုး ရောဂါပပျောက်ကင်းစင် ရေးတို့ကို အသိပညာပေး ဆွေးနွေးပေးသည်။

 

ထို့နောက် ဆွေးနွေးပွဲအပြီးတွင်  တက်ရောက်လာကြသော ဌာနဆိုင်ရာများကသိရှိလိုသည့်အချက် များ မေးမြန်း ဆွေးနွေးရာ ဒေါက်တာရွှေပြည်က ပြန်လည်ရှင်းလင်းသည်။ ယင်းကာကွယ်ဆေးထိုး လုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင်လည်း သတ်မှတ်ရက်အတွင်း တစ်ချိန်တည်း ကာကွယ်ဆေးထိုးပေးမည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

 

ဇာဖြူဝင်း(ပြန်/ဆက်)