ဘားအံ   ၆  နိုဝင်ဘာ

 

(၆၄)နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော်ကို ကရင်ပြည်နယ်၊ ဘားအံမြို့၊နှစ်စဉ်ရိုးရာ အစဉ်အလာ မပျက်စည်ကားသိုက်မြိုက်စွာ နိုဝင်ဘာလ(၇)ရက်နေ့မှ နိုဝင်ဘာလ (၁၁)ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ရာ ကုန်စည်ပြပွဲကို နိုဝင်ဘာလ(၆)ရက်နေ့၊ နံနက်(၉)နာရီက ပွဲတော်ပြုလုပ်ရာ သီရိကွင်းတွင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

(၆၄)နှစ်မြောက် ကရင်ပြည်နယ်နေ့ ပွဲတော်အထိမ်းအမှတ် ကုန်စည်ပြပွဲကို  ကရင်ပြည်နယ် လွှတ်တော် ဒုတိယ ဒဥက္ကဌ ဒေါ်နန်းသူဇာဝင်း၊ပွဲတော်ကျင်းပရေးကော်မတီ ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးသန်းနိုင်၊ ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေး၊ ပြည်နယ်ပအိုဝ်း တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးခွန်မျိုးတင့်နှင့် ကုန်စည်ပြပွဲတာဝန်ခံTin Ko Ko ကုမ္ပဏီမှအုပ်ချပ်မှုတာဝန်ခံဦးတင်ကိုကိုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ တက်ရောက်လာကြသော ကရင်ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ကရင်ပြည်နယ် လွှတ်တော်  ဒုတိယဥက္ကဌ၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ဈေးဆိုင်ခန်း များအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

ကုန်စည်ပြပွဲတွင် ဈေးဆိုင်ခန်းပေါင်း(၂၅၀) ရှိပြီး လူသုံးကုန်များ၊လျှပ်စစ်အသုံးအဆောင် ပစ္စည်း၊ စာသောက် ကုန်များ၊အဝတ်အထည်များ စားသောက်ကုန်များ၊လယ်ယာသုံးစက်ကရိများကို ဈေးနှုန်း ချိုသာစွာ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)