သံတောင်  ၆   နိုဝင်ဘာ

 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်(၂၀၁၉-၂၀၂၀)ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်း ရည်မှန်းချက် တာဝန်ပေးအပ်ပွဲ အခမ်းအနားကိုယနေ့နံနက် ၁၀နာရီက သံတောင်မြို့ ပသိခန်းမ၌ ပြုလုပ်သည်။

 

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစောဂျေအေဝင်းမြင့် တို့က အမှာစကားပြောကြားရာတွင် မိမိတို့အစိုးရသည် ပြည်သူများ ယုံကြည်အားကိုး၍ ဖွဲ့စည်းထားသောအစိုးရဖြစ်ပြီး ပြည်သူများ၏ လိုအပ်ချက်များ ပြည့်ဝစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေရကြောင်း၊ နိုင်ငံတော်မှ ချမှတ်ထားသော မူဝါဒများအပေါ် အခြေခံပြီး မိမိတို့မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများ ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ မြို့နယ်စီမံကိန်း ဦးစီးအရာရှိ ဒေါ်သိန်းစုက စီမံကိန်း တာဝန်ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်အဆင့် ဌာနဆိုင်ရာများအား စီမံကိန်း တာဝန်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

 

 

Holy(ပြန်/ဆက်)