ရေနံချောင်း ၆ နိုဝင်ဘာ

 

မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှုခင်းအသိပညာပေး ယာဉ်ဖြင့် မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ရေနံချောင်းမြို့ သုံးဆယ့်ခြောက်ကျေးရွာ ခြေခံပညာ အလယ်တန်းကျောင်းတွင် ဟောပြောခဲ့သည်။

 

၂

 

ရှေးဦးစွာ မှုခင်းပညာပေးယာဉ်ပေါ်တွင် ပြသထားသည့် လူကုန်ကူးခံရခြင်းဆိုးကျိုးများ၊ ပြစ်ဒဏ်များ၊ မှုးယစ်ဆေးဝါးများသုံးစွဲခြင်းဆိုးကျိုးများအား ဓာတ်ပုံများဖြင့် ပြသထားရာ ကျောင်းသား ကျောင်းသူများ ကြည့်ရှု ခဲ့ကြသည်။

 

ထို့နောက် ရေနံချောင်းမြို့နယ် ရဲတပ်ဖွဲ့မှုးရဲမှုးသန်းနိုင်၊ တိုင်းဒေသကြီးမူးယစ်တပ်စု ၁၅ မှ တပ်စုမှုးရဲမှူး သန်းဇော်၊ လက်မှတ်ကုန်နယ်မြေရဲစခန်းမှူး ရဲအုပ်မိုးညိုတို့က မှုခင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

 

စိုးသူအောင်/ဆန်းညွန့်