တာချီလိတ် ၆ နိုဝင်ဘာ
ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား (၂၃) ဦးကို နယ်စပ်မြို့ဖြစ်သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက နိုဝင်ဘာ (၆ ရက် နံနက် (၁၁) နာရီကပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသား အမျိုးသား (၁၉) ဦးနှင့် အမျိုးသမီး (၄) ဦးမှာ ထိုင်းနိုင်ငံတွင်း အကြောင်းအမျိုးမျိုး ကြောင့် ဖမ်းဆီးခံထားရသည့် မြန်မာလုပ်သားများဖြစ်ကြောင်းသိရပြီး ပြစ်ဒဏ်စေ့၍ မြန်မာဘက်သို့ ပြန်လည်လွှဲပြောင်းပေးလာခြင်းဖြစ်သည်။
မယ်ဆိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များက လာရောက်လွှဲပြောင်းပေးရာ တာချီလိတ်မှ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လူကုန်တားအဖွဲ့နှင့် CNCMC အဖွဲ့တို့က စိစစ်လက်ခံခဲ့ခြင်းဖြစ်သည်။
အထောက်အထားမပါဘဲ ဝင်ရောက်မှု၊ သတ်မှတ်နယ်မြေကျော်လွန်သွားလာမှု၊ နေထိုင်ခွင့်သက်တမ်း ကျော်လွန်မှုစသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအား ပြစ်ဒဏ်စေ့ပါက ထိုင်းနိုင်ငံကယခုကဲ့သို့ပြန်လည်လွှဲပြောင်းပေးလေ့ရှိခြင်းဖြစ်ကြောင်းသိရှိရသည်။
ယာဆေး(ပြန်/ဆက်)


