နေပြည်တော် ၆ နိုဝင်ဘာ

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO Daewoo Corporation (Myanmar E& P) သည် ကမ်းလွန်လုပ်ကွက်အမှတ် A-1 နှင့် A-3 တို့တွင် Drilling Campaign လုပ်ငန်းများအား Drillship “MAERSK VIKING” (Call Sign : S6LY3) ဖြင့် Point.A မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၅၁ မိနစ် ၁၃ ဒသမ ၂၄ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၆ မိနစ် ၁၆ ဒသမ ၃၈ စက္ကန့်၊ Point.B မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၅၆ မိနစ် ၅၁ ဒသမ ၂၁ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၃ မိနစ် ၄၅ ဒသမ ၅၄ စက္ကန့်၊ Point.C မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၁၂ မိနစ် ၅၀ ဒသမ ၃၅ စက္ကန့်၊ အရှေ့လောင်ဂျီ တွဒ် ၉၂ ဒီဂရီ ၅၀ မိနစ် ၂၀ ဒသမ ၄၄ စက္ကန့်၊ Point.D မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၀၆ မိနစ် ၅၉ ဒသမ ၆၉ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၁ မိနစ် ၄၄ ဒသမ ၀၄ စက္ကန့်တွင် (၁၅.၁၁.၂၀၁၉) ရက်နေ့မှ (၁၅.၃.၂၀၂၀) ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်သည်။

သို့ဖြစ်ပါ၍ (၁၅.၁၁.၂၀၁၉) ရက်နေ့မှ (၁၅.၃.၂၀၂၀)  ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်နေစဉ် လုပ်ငန်းကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ တွင်းတူးဖော်မည့် တည်နေရာများမှ ၄ ကီလိုမီတာ ပတ်လည်အတွင်း ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗာန်များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်းများ မပြုလုပ်ကြရန် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အသိပေး ကြေညာထားကြောင်း သိရသည်။

သတင်းစဉ်