နေပြည်တော် ၅ နိုဝင်ဘာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် နှစ်တစ်ရာပြည့် အထိမ်းအမှတ်အခမ်းအနား (UMFCCI Centennial Celebration)ကို နိုဝင်ဘာ ၂၂ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် အသင်းသူအသင်းသားများ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားတက်ရောက်မည့် အသင်းသူအသင်းသားများအတွက် ရန်ကုန်-နေပြည်တော် အသွားအပြန် မော်တော်ယာဉ်၊ နံနက်စာ၊ နေ့လယ်စာနှင့် ဟိုတယ်တစ်ည တည်းခိုခွင့်တို့ကို UMFCCI မှ စီစဉ်ပေးမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်း ၀၁-၂၃၀၁၅၆၄၊ ၀၉-၄၅၀၂၀၀၃၄၀၊ ၀၉-၄၅၀၂၀၀၂၅၀ တို့ကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း UMFCCI မှသိရသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်သည် NGO အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၁၉၁၉ ခုနှစ်တွင် Burmese Chamber of Commerce အဖြစ် စတင်တည်ထောင်ခဲ့ရာ ယခုနှစ်တွင် နှစ်(၁၀၀) ပြည့်မြောက်ပြီဖြစ်ကြောင်း သိရသည်။

မောင်လူမော်