မင်းလှ ၇ နိုဝင်ဘာ
ပဲခူးတိုင်းဒေသကြီး ၊မင်းလှမြို့နယ်တွင် အောက်တိုဘာ ၃၁ ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်ဆီးသွားသော နေအိမ်များမှအိမ်ထောင်စုဝင်များကို ထောက်ပံ့ငွေ ပေးအပ်ခြင်းကို နိုဝင်ဘာ ၆ ရက်နေ့လည် ၃ နာရီချိန်ကမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပ ပြုလုပ်သည်။
အဆိုပါ ထောက်ပံ့ခြင်းကို မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူဦးစီးဌာမြို့နယ်ဦးစီးမှူး ဦးမင်းသူမောင်က လေဘေးသင့်သော ဒီလှိုင်းကျေးရွာအုပ်စု၊ ပေါက်ချောင်းကျေးရွာတွင် အမိုးလန်နေအိမ်(၁၄)လုံးနှင့် ရွှေလောင်းကျေးရွာအုပ်စု၊ ရွှေလောင်းကျေးရွာတွင် အမိုးလန်နေအိမ် (၁၃)လုံး၊စုစုပေါင်း နေအိမ်(၂၇)လုံး အမိုးလန်ပျက်စီးခဲ့ရာ ၎င်းနေအိမ်များရှိ လေဘေးသင့်လူဉီးရေ (၁၀ဝ) အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၁၀,ဝ၀ဝ)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)


