နေပြည်တော် ၇ နိုဝင်ဘာ
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စန်ရှီး(Shaanxi) ပြည်နယ် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး FANG GUANG HUA နှင့် တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံရှိ တရုတ် သံရုံးမှ ပုဂ္ဂိုလ်များ၊ သဗ္ဗညုဘုရား ဘုရားပြုပြင်ထိန်းသိမ်းရာတွင် တာဝန်ရှိသည့် တရုတ်နိုင်ငံ အင်ဂျင်နီယာများနှင့် ပညာရှင်အဖွဲ့တို့အား နိုဝင်ဘာ ၅ ရက် မွန်းလွဲ ၂ နာရီတွင် ပုဂံရှေးဟောင်းသုတေသနပြတိုက် အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် သဗ္ဗညုဘုရားပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆက် လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ တရုတ်ပညာရှင်များအတွက် လိုအပ်ချက်များညှိနှိုင်း ဆောင်ရွက်ပေးရန်ကိစ္စရပ်များနှင့် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ယဉ်ကျေးမှုပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရန်ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ပုဂံရှေးဟောင်းသုတေသနပြတိုက်အတွင်း လှည့်လည် ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


