မုံရွာ  ၇   နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနရုံးတွင် တိုင်းဒေသကြီး အတွင်း ခရိုင်(၃)ခုရှိ နယ်မြေမီးသတ်စခန်း(၁၀)သို့ မီးငြိမ်းသတ်ယာဉ်များ လွှဲပြောင်းပေးအပ် ခြင်းကို နိုဝင်ဘာလ (၇)ရက်နေ့ နံနက် (၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

 

သက်ဆိုင်ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၏ တောင်းဆိုချက်အရ အမှန်တကယ် လိုအပ်သော နယ်မြေမီးသတ်စခန်းများသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ငွေလုံးငွေးရင်းရန်ပုံငွေမှ ငွေကျပ်(၃၄၅)သန်းဖြင့် တရုတ်နိုင်ငံထုတ် (DAYUN)အမျိုးအစား မီးငြိမ်းသတ်ယာဉ် (၁၀)စီးအား ဝယ်ယူထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

မီးငြိမ်းသတ်ယာဉ်များကို ကသာခရိုင်အတွင်းရှိ ဥက္ကံ  ၊ နမ့်ခမ်း၊ အလယ်တော နယ်မြေမီးသတ် စခန်းများ သို့လည်းကောင်း၊ စစ်ကိုင်းခရိုင်အတွင်းရှိ ခက်မနယ်မြေမီးသတ်စခန်းသို့ လည်းကောင်း၊ ကန့်ဘလူခရိုင်အတွင်းရှိ လိပ်ဆင်းတောင်နယ်မြေမီးသတ်စခန်းသို့လည်းကောင်း၊ ယင်းမာပင် ခရိုင်အတွင်းရှိ ကပိုင်၊ ဘန့်ဘွေး နယ်မြေ မီးသတ်စခန်းများသို့လည်းကောင်း၊ ရွှေဘိုခရိုင်အတွင်းရှိ စိုင်ပြင်နှင့် ညောင်လှနယ်မြေမီးသတ်စခန်းများသို့ လည်းကောင်း၊ တမူးခရိုင်အတွင်းရှိ ဘုက္ကန်နယ်မြေမီးသတ်စခန်းသို့ လည်းကောင်း တရုတ်နိုင်ငံထုတ် (DAYUN)အမျိုးအစား မီးငြိမ်းသတ်ယာဉ် (၁၀)စီးအား ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)