ဘားအံ ၇ နိုဝင်ဘာ
(၆၄)နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲအထိမ်းအမှတ် စတုတ္ထအကြိမ် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကို ပျော်ပွဲရွှင်ပွဲ တစ်ရပ်အနေဖြင့်သော်လည်ကောင်း၊ ဒေသအတွင်း မြန်မာ့ရိုးရာ လှေလှော် အားကစားနည်း မပျောက်ပျက်စေရေးအတွက် လည်းကောင်း စသည့်ရည်ရွယ်ချက်များဖြင့် ဘားအံမြို့ ကန်သာယာအတွင်း၌ ကျင်းပခဲ့ရာ ဗိုလ်လုပွဲကို နိုဝင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းမှ စတင်ခဲ့ပြီး နံနက် ၁၁ နာရီခွဲအက ဆုချီးမြှင့်ပေးအပ်ခဲ့ကြသည်။
(၆၄)နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲ အထိမ်းအမှတ် စတုတ္ထအကြိမ် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲ ဆုချီးမြှင့် ပေးအပ်ပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဦးမင်းကိုခိုင်၊ ပအိုဝ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးခွန်မျိုးတင့်၊ ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက အမျိုးသား/ အမျိုးသမီး (၅) တက်လှော် ပြိုင်ပွဲတွင်လည်းကောင်း၊ အမျိုးသား/ အမျိုးသမီး (၃) တက်လှော်ပြိုင်ပွဲတွင်လည်းကောင်း၊ အမျိုးသား/ အမျိုးသမီး (၁) တက် လှော်ပြိုင်ပွဲတွင်တွင် လည်းကောင်း၊ ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများအား လည်ဆွဲ၊ ငွေသားဆုနှင့် တံခွန်စိုက် ဆုဖလားများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် ဘားအံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ၊ ရပ်ကွက်/ကျေးရွာများမှ အမျိုးသား ငါးတက်လှော် (၁၅) သင်း၊ အမျိုးသမီး (၅) တက်လှော် (၉) သင်း၊ အမျိုးသား (၃) တက်လှော် (၁၇) သင်း၊ အမျိုးသမီး (၃) တက် လှော် (၁၀) သင်း၊ အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲတွင် (၂၀)ဦး၊ အမျိုးသမီး တစ်ဦးချင်း ပြိုင်ပွဲဝင် (၁၄) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအား နိုဝင်ဘာ (၆) ရက်နေ့မှစတင်ကာ နိုဝင်ဘာ (၇) ရက်နေထိ နှစ်ရက်ကြာ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်ဆက်)


