နေပြည်တော် ၇ နိုဝင်ဘာ

 

မြန်မာ-ဂျပန် အတူတကွ ပူးပေါင်းဆောင်ရွက်မှု ပမာဏခြေလှမ်း ဖြစ်ပေါ်တိုးတက်မှု (အဆင့်-၂) သတ္တမအကြိမ် အစည်းအဝေးကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည်။

 

အဆိုပါ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro MARUYAMA၊ သက်ဆိုင်ရာဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်မြို့ရှိ ဂျပန်သံရုံး၊ ဂျပန်နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (မြန်မာ)(JCCM)၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)နှင့် ဂျပန်နိုင်ငံ ပြည်ပကုန်သွယ်မှုအဖွဲ့ (JETRO) တို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

 

အစည်းအဝေးတွင် ဂျပန်ဘက်မှ မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံသည့် ဂျပန်ကုမ္ပဏီများ ပိုမိုရင်းနှီးမြှုပ်နှံလာစေရေးနှင့် ရင်းနှီးမြှုပ်နှံရာတွင် လွယ်ကူချောမွေ့စေရေးအတွက် မြန်မာ နိုင်ငံအစိုးရ၏ ဖြေလျော့ပေးမှုများနှင့် စီစဉ်ဆောင်ရွက်ပေးမှုများကို အသိအမှတ်ပြုပါကြောင်းနှင့် မြန်မာဘက်မှလည်း ဂျပန်နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း(မြန်မာ) (JCCM)မှ တင်ပြလာသည့် ကိစ္စရပ်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။

 

သတင်းစဉ်