အိမ်မဲ ၇ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ပိတ်ပွဲအခမ်းအနားကို အိမ်မဲမြို့ အ.ထ.က(၁)ခန်းမ၌ ယနေ့မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်း က “ဒီလိုပွဲမျိုးကို နောက်နှစ်တွေမှာ ဆက်လက်ကျင်းပနိုင်စေရေး၊ ပကာသနတွေကိုလျှော့ပြီး ကလေးငယ်များအား ထိုက်တန်တဲ့ဆုများ ရရှိစေဖို့ ပြုလုပ်နိုင်ရန်လိုအပ်ကြောင်း၊ နှလုံးသား နူးညံ့ကြစေလိုကြောင်း ပြောကြားပြီး တိုင်းဒေသကြီး ကလေးစာပေပွဲတော်ကျင်းပရေး တွဲဖက်အတွင်းရေးမှူး ဦးလှမျိုးအောင် က မြို့နယ် (၂၆)မြို့နယ်တွင် ကျင်းပမည့် ကလေးစာပေပွဲတော်များနှင့် ပတ်သက်သည်များ၊ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ မြို့နယ်အဆင့် ကျင်းပနေတာဟာ ဧရာဝတီတိုင်းဒေသကြီး တစ်တိုင်းထဲသာ ဆောင်ရွက်နေတာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူနှင့် မြို့နယ်ပညာရေးမှူး ဦးတက်တိုးတို့က ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် နှုတ်မှုစွမ်းရည်နှင့် ကာယစွမ်းရည် ပြိုင်ပွဲ(၈)ခုမှ ဆုရရှိဆုရရှိသူ ၄၀ တို့အား တာဝန်ရှိသူမျာက ဆုများချီးမြှင့်ခဲ့ကြပြီး " ပန်းရည်ဘဏ်တိုက်" သီချင်းနှင့်" ဇေယျာ ကမ်း အလှပန်းချီ" သီချင်းတို့ဖြင့် ဖျော်ဖြေခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ကာ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သတင်း - တိုင်းဒေသကြီးပြန်/ဆက်
ဓာတ်ပုံ - ဝင်းကြိုင်၊လွှမ်းသီဟ(ပြန်/ဆက်)


