နေပြည်တော် ၇ နိုဝင်ဘာ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းအား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့သည် မဟာဗျူဟာမိတ်ဖက် နိုင်ငံများဖြစ်ပြီး သမိုင်းကြောင်းတစ်လျှောက် ချစ်ကြည်ရေးကောင်းမွန်ခဲ့သည့် အခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် တရုတ်နိုင်ငံက အလှူငွေများနှင့် အခြားလိုအပ်သည်များ လှူဒါန်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ မည်သည့်နိုင်ငံမဆို မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ဖွဲ့စည်းပုံစနစ်မျိုးကိုသာ ကျင့်သုံးသင့်သည့် အခြေအနေများ၊ ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် တပ်မတော်က စိတ်ရှည်သည်းခံစွာဖြင့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တိုက်ပွဲများမဖြစ် ပွားသည့်ဒေသများတွင် အေးချမ်းတည်ငြိမ်မှုရှိပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်လုပ်ဆောင်လာနိုင်သည့် အခြေအနေများနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်နိုင်မည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်


