မိုးနဲ ၈ နိုဝင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း မိသားစု၏ စုပေါင်းဘုံကထိန်ပဒေသာပင်များကို ယနေ့နံနက် ၇ နာရီက မြို့တွင်းသို့ စီတန်းလှည့်လည်အပူဇော်ခဲ့ကြောင်း သိရသည်။
ထိုသို့ စုပါင်းဘုံကထိန်ပဒေသာပင်များ စီတန်းလှည့်လည်ရာတွင်အခြေခံပညာအထက် တန်းကျောင်းကျောင်းအုပ်ဆရာကြီး ဦးစိုင်းစိုးနိုင် ဦးဆောင်မှုဖြင့် ကျောင်းအကျိုးတော် ဆောင်များ ၊မိဘဆရာအသင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များ ၊ဆရာ/ဆရာမများ ၊ကျောင်း သား/ကျောင်းသူများက စုပေါင်းလှူဒါန်းသည့် ပဒေသာပင် (၂၀)ပင်နှင့်လှူဖွယ်တို့ကို မော် တော်ယာဉ်များနှင့် လည်းကောင်း ၊ကျောင်းသားများကသယ်ဆောင်ကာ အိုးစည်ဗုံမောင်း၊ ကိန္နရီအကများဖြင့် ခြေခံပညာအထက်တန်းကျောင်းမှစ၍မြို့တွင်းလှည့်လည်ကာ မိုးနဲ-နမ့်စန်လမ်းတစ်လျှောက် မိုးနဲမြို့ဟော်နန်း တစ်ပတ်ပတ်၍ အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပပြုလုပ်မည့် အထက (မိုးနဲ)ကျောင်းသို့ ပင့်ဆောင်လှည့်လည်ခဲ့ကြပြီး ညနေ ၄ နာရီမှ ည ၇ နာရီအချိန်ထိ ဆွမ်းတော်ကြီးလောင်းလှူပွဲကို အထက ပုလဲဆောင်ခန်းမ၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စုပေါင်းဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကို နိုဝင်ဘာလ ၉ ရက်နေ့ တွင် အထက(မိုးနဲ) ပုလဲဆောင်ခန်းမတွင် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ တရားနာ ယူခြင်း၊ သံဃာတော်အရှင်သူ မြတ်တို့အား အာရုံဆွမ်း၊ နေ့ဆွမ်းဆက်ကပ်ခြင်းနှင့် ကျောင်း အုပ်ဆရာကြီးနှင့်ဆရာ/ဆရာမများ၊ကျောင်းသား/သူများ၊အလှူဒါယကာ၊ ဒါယိကာမအ ပေါင်းတို့ လှူဒါန်းသည့် ပဒေသာပင်များကို မဟာရန်အောင်အုဌ်ကျောင်းတိုက်သို့ ဆပ်ကပ် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)


