မိုင်းခတ် ၈ နိုဝင်ဘာ
မိုင်းခတ်မြို့နယ် မေတ္တာကမ္ဘာ ပရဟိတအဖွဲ့သည် ယမန်နေ့ညနေ ၃ နာရီက နောင်လုံးကျေးရွာအုပ်စု၊ ဟိုလင်း (အာခါ) ရွာရှိ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းသို့ ကထိန်သင်္ကန်းနှင့်နဝကမ္မ ဝတ္ထုငွေများ သွားရောက်ဆက်ကပ်လှူ ဒါန်းကြသည်။
ရှေးဦးစွာ မေတ္တာကမ္ဘာအဖွဲ့ဝင်များက ဆရာတော်၊ သံဃာတော်များအား ကထိန်သင်္ကန်းနှင့် နဝကမ္မ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ကထိန်တရားတော်များနာယူ၍ ရေစက်ချ အမျှဝေခဲ့ကြသည်။ မေတ္တာကမ္ဘာ ပရဟိတအသင်းသည် မိုင်းခတ်မြို့အတွင်းရှိ ဒေသခံ ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းအများစု ပါဝင်ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပြီး ထေရဝါဒ ဗုဒ္ဓသာသနာပြု (ဗဟို) ကျာင်းတိုက်၊ ဝမ်ပြန်တွင် ပညာသင်ကြားနေသော ကျောင်းသားများ၊ ကိုရင်လေးများအား စာရေးကိရိယာများ လစဉ်လှူဒါန်းလျက်ရှိပြီး ယခု ကထိန်အလှူသည် ဝေးလံသော တောင်ပေါ် အာခါရွာလေးကို ပထမအကြိမ် သွားရောက် လှူဒါန်းခြင်း ဖြစ်ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN


