ဂန့်ဂေါ ၈ နိုဝင်ဘာ
ဂန့်ဂေါမြို့၊ မြို့မအရှေ့ကျောင်းတိုက်တွင် နိုဝင်ဘာ ၇ ရက် ည ၇ နာရီက ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင် ဆက်ကပ်ပူဇော်ပွဲ ပြုလုပ်သည်။
အဆိုပါ ပူဇော်ပွဲကို မြို့မအရှေ့ကျောင်းဂေါပကအဖွဲ့ကကြီးမှူး၍ ပြုလုပ်ခြင်းဖြစ်ပြီး ဂန့်ဂေါမြို့ ၏ လူမှုရေးအသင်း အဖွဲ့တစ်ခုဖြစ်သည့် မာဃသဟာယအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ဆင်နွှဲ ကုသိုလ်ပြုကြကြောင်း သိရသည်။
ထင်အောင်နိုင်(ပြန်ဆက်)


