တပ်ကုန်း ၈ နိုဝင်ဘာ
ဖိလစ်ပိုင်နိုင်ငံ H.E Atty Noel Felongco ၊ ကမ္ဘာဒီးယားနိုင်ငံ H.E Sao Chivon ပါသော အာဆီယံ ကိုယ်စားလှယ်များသည် နိုဝင်ဘာ ၇ ရက် မွန်းလွဲ ၃ နာရီက နေပြည်တော် တပ်ကုန်း မြို့နယ် အေးချမ်းသာ စံပြကျေးရွာအုပ်စု၊ အေးချမ်းသာစံပြကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး၊ အပြည်ပြည်ဆိုင်ရာဆင်းရဲမှုလျော့ချ ရေးဗဟိုဌာန (IPRCC)တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချရေးစံပြစီမံကိန်းကျေးရွာ လူထုဖွံ့ဖြိုးရေးစင်တာသို့ ရောက်ရှိ၍ ဒေသခံပြည်သူ များနှင့်တွေ့ဆုံပြီး၊ ကျေးရွာစီမံကိန်း လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု လေ့လာကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်က ကြိုဆိုမိတ်ဆက်စကား ပြောကြား ပြီးနောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်) ညွန်ကြားရေးမှူး ဦးရဲခေါင်က ကျေးရွာအဆင့် ဆင်းရဲမှု လျော့ချရေး စံပြစီမံကိန်းလုပ်ငန်းများနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေ များအား ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြသည်။ ထို့နောက် အာဆီယံကိုယ်စားလှယ် လေ့လာရေး အဖွဲ့က သိရှိလိုသည့် မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပြီးနောက် တာဝန်ရှိ သူများနှင့်အတူ ကျေးရွာအဆင့်ဆင်းရဲမှုလျော့ချရေးစံပြစီမံကိန်းဆောင်ရွက်ထားရှိသည့် လမ်း၊ စင်မြင့်ရေစင်၊ ဆေးပေးခန်း၊ တစ်ပိုင်တစ်နိုင်စိုက်ခင်း(Home Garden)များ၊ ပျိုးဉယျာဉ်ခြံ၊ ကျောင်းစာကြည့်တိုက်နှင့် ကျောင်းဆောင်သစ် အဆောက်အဉီတို့ကို လှည့်လည်ကြည့်ရှုလေ့လာသည်။
အဆိုပါ လေ့လာရေးအဖွဲ့သည် တာဝန်ရှိသူများနှင့်အတူ ရေအေးကျေးရွာအုပ်စု၊ရေအေးကျေးရွာ ရှိ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာခန်းမသို့ ရောက်ရှိပြီး၊ မိုးစပါးဆင်းသုခ မျိုးသန့်ထုတ် စိုက်ခင်းအား ဆက်လက် လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
တင်စိုးလွင်


