မြန်မာနိုင်ငံသည် ILO အဖွဲ့ဝင်နိုင်ငံဖြစ်ပြီးချိန်မှစ၍ ILO နှင့်ပူးပေါင်းဆောင်ရွက် ခဲ့ပြီး ၂၀ဝ၇ ခုနှစ်မှစတင်၍ တိုင်ကြားမှုယန္တရား ထူထောင်ကာ အဓမ္မခိုင်းစေမှု တိုင်ကြား ချက်များကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ပါသည်။ ၂၀၁၉ ခုနှစ်မှစ၍ အဓမ္မခိုင်းစေမှုတိုင်ကြား ချက်များကို ဖြေရှင်းဆောင်ရွက်နိုင်ရန် အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှု ယန္တရား (National Complaints Mechanism – NCM) ထူထောင်ရေး ဆောင်ရွက် လျက်ရှိပါသည်။

 

အဆိုပါ ယန္တရားထူထောင်ဆဲ ကြားကာလတွင် အဓမ္မခိုင်းစေမှု တိုင်ကြားချက် များကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အပါအဝင် သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသော အလုပ် သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီ (High Level Working Group- HLWG)မှ ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဓမ္မခိုင်းစေမှု တိုင်ကြားချက် များကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO) အပါအဝင် အောက်ဖော်ပြပါ ဖုန်းနံပါတ် နှင့် email လိပ်စာများသို့ တိုင်ကြားသူနှင့်အဓမ္မခိုင်းခံရသူများ လုံခြုံစိတ်ချစွာ ဆက်သွယ် တိုင်ကြားနိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

 

ဝ၆၇-၃၄၃၀၁၈၄၊ ဝ၆၇-၃၄၃၀၂၂၉၊ ဝ၆၇-၃၄၃၀၂၇၄

[email protected] , [email protected] ,

[email protected]

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန