ပုသိမ် ၉ နိုဝင်ဘာ
တန်ဆောင်တိုင်ကာလ ရုံးပိတ်ရက်များတွင် ဒေသပြန် ခရီးသွားများ၊ဘုရားဖူးအလည်အပတ်သွားရောက်သူများ၊ ကမ်းခြေသို့ အပန်းဖြေရန် သွားရောက်သည့် ခရီးသွားများဖြင့် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်-ပုသိမ် အဝေးပြေး လမ်းမကြီးတစ်လျှောက်၌ အထူးပင်စည်ကားလျက်ရှိသည်။
ရန်ကုန်-ပုသိမ် အဝေးပြေးလမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲယာ ယာဉ်ရပ်နားရာ နေရာများရှိ စားသောက်ဆိုင်များတွင်လည်း လူစည်ကားများပြားကာ ယခင်ရက်များထက် ပိုမိုရောင်းချနေရကြောင်း၊ လက်ရှိအခြေအနေတွင် အဝေးပြေးလမ်းမကြီးတစ်လျှောက် ယာဉ်ကြောပိတ်ဆို့မှုမရှိကြောင်း သိရှိရသည်။
တိုးဝေဇင်(တိုင်းပြန်ဆက်)


