မောင်တော  ၉   နိုဝင်ဘာ   

မောင်တောမြို့နယ်၌ ရပ်ကွက်/ကျေးရွာများအတွင်းရှိ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေး မြေပြင် ကွင်းဆင်း စစ်ဆေးခြင်းကို  နိုဝင်ဘာ ၇ ရက် နံနက်ပိုင်း က  မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင် မီးသတ်ဦးစီးမှူးရုံးမှ ဒုမီးသတ်ဦးစီးမှူး ဇော်ဦးလှိုင် ဦးစီး၍ တပ်ဖွဲ့ဝင် ၁၀ ဦးဖြင့် မြို့မတောင် ရပ်ကွက်ရှိ နေအိမ်များ၊ဈေးဆိုင်များ၊လက်ဖက်ရည်ဆိုင်များ၊ထမင်းဆိုင်များအား မီးဘေးလုံခြုံရေး စစ်ဆေး ဆောင်ရွက်ရာ မီးလောင်မှု၊မီးလန့်မှုမဖြစ်ပွားစေရေးနှင့်  မီးလောင်ဆုံးရှုံးမှု လျော့နည်းစေရေးအတွက်  အသုံးပြုလျက်ရှိသည့် လျှပ်စစ်ဝါယာကြိုးများအား ဟောင်းနွမ်းနေပါက  အသစ်လဲလှယ်တပ်ဆင်အသုံးပြုရန် နေအိမ်များနှင့် ဈေး ဆိုင် များတွင် မီးချိတ်၊မီးကပ်၊ရေပုံး၊သဲပုံး၊ မီးသတ်ဆေးဘူးများ ဆောင်ရွက်ထားရှိစေရေး၊ မီးဖိုသုံးစွဲမှု၊ လျှပ်စစ်မီးသုံးစွဲမှုများအား တစ်အိမ်တက် တစ်အိမ်ဆင်း  အကြုံပြု ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။  

သက်လွင်စိုး(ပြန်/ဆက်)