ဂန့်ဂေါ   ၉   နိုဝင်ဘာ

 

ဆိုင်ကလုန်း မုန်တိုင်း "ဘာဘ်ဘယ်" (BULBUL) ၏ အရှိန်ကြောင့် ဂန့်ဂေါမြို့နယ်အတွင်း မိုးရွာသွန်းလျက်ရှိရာ မိုးစပါးနှင့် ဆောင်းသီးနှံစိုက်ခင်းများ အတွက် လိုအပ်နေသော အစိုဓါတ်များ ရရှိနေကြောင်း သိရသည်။

 

 "စပါးအတွက်ရော၊ ဆောင်းမှာစိုက်တဲ့ ပဲခင်းတွေအတွက်ရော မိုးမရွာလို့ ရေလိုနေတာ။ ခု မုန်းတိုင်းအရှိန်နဲ့ မိုးရွာတော့ အဆင်ပြေသွားတယ်။ ခုချိန်ထိတော့ မိုးက ရွာလိုက် ပြတ်လိုက် နဲ့ အနေတော်ပဲ။ ဒါ့ထက် ပိုသည်းလာရင်တော့ ရေထုတ်ဖို့အတွက် ရေထုတ်မြောင်းတွေ ပြင်ထားဖို့ လိုပါမယ် ” ဟု လာပို့ကျေးရွာမှ တောင်သူတစ်ဦးက ပြောသည်။

 

44

 

အဆိုပါ မိုးရွာသွန်းသဖြင့် မိုးရာသီတွင် စိုက်ပျိုးထားသည့် စပါးခင်းအတွက် များစွာ အဆင်ပြေသွားပြီး ဆောင်းရာသီသီးနှံအဖြစ် စိုက်ပျိုးထားသည့် ဖူးစားပြောင်း၊ ပဲမျိုးစုံ၊ မြေပဲ  ၊ နေကြာ သီးနှံစိုက်ခင်းများအတွက် အစိုဓာတ်များ ရရှိသွားကြောင်း သိရသည်။

 

တောင်သားမောင်သန်း