ကြံခင်း   ၉ နိုဝင်ဘာ  

 

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် (၂၉)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်း မဟာဘုံကထိန်ပွဲတော်ကို ယနေ့နံနက်ပိုင်းက ကြံခင်းမြို့ပေါ်ရပ်ကွက်များတွင် စည်ကားသိုက်မြိုက်စွာ လှည့်လည်ကျင်းပခဲ့ကြောင်း သိရသည်။

 

မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ကြံခင်းမြို ့အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးကျော်ကျော်လွင် ဉီးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲ့များ မြို့ပေါ်ရပ်ကွက်များစုပေါင်း၍ ပဒေသာပင် (၃၁)ပင် စုစုပေါင်း ပဒေသာပင် တန်ဖိုးငွေကျပ်သိန်း (၉,၇၁၈,ဝ၅၀) တိတိအား တလိုင်းကွင်းအုပ်စု အောင်မင်္ဂလာကျောင်းတိုက်သို့ ပို့ဆောင်လှူဒါန်းခြင်း၊ ငါးပါးသီလဆောက်တည်ခြင်း၊ မေတ္တာသုတ် အစရှိသော ပရိတ်တရားတော် များနာယူခြင်းများပြုလုပ်ခြင်း၊  ကထိန်လျာမြတ်သင်္ကန်းဆပ်ကပ်လှူဒါန်းခြင်း၊ လှူဖွယ်ဝတ္ထု အစုစု တို့အတွက် ရေစက်သွန်းချအမျှပေးဝေပြီး သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆပ်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မိုး မိုး (ပြန်/ဆက်)