အထက်မင်းလှ ၁၀ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တောင်ရပ်ကွက်၌ ရှင်ဥပဂုတ္တ ရဟန္တာမထေရ်မြတ်ကြီးအား တတိယအကြိမ်မြောက် ရှားဆီမီး(၂၅၀၀) မီးမျှောပူဇော်ပွဲနှင့် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကို ယနေ့နံနက် (၇)နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမောင်ကို က အဖွင့်အမှာစကား ပြောကြားပြီး၊ တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်ပြောကြားပြီး လှေလှော်ပြိုင်ပွဲကို စတင်ကျင်းပခဲ့သည်။
အဆိုပါ မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကို နိုဝင်ဘာ(၁၀)ရက် မှ (၁၁)ရက်နေ့အထိ ပြိုင်ပွဲဝင်အသင်း(၁၁)သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဗိုလ်လုပွဲ၊ ဆုပေးပွဲအခမ်းအနားနှင့် ရှားဆီမီး(၂၅၀၀) မီးမျှောပူဇော်ပွဲကို တန်ဆောင်မုန်းလပြည့်နေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)


