ငဖဲ ၁၀ နိုဝင်ဘာ

မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့မရပ်ကွက်နှင့် ကျောင်းတွင်းရပ်ကွက်အတွင်းရှိ ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်လှည့်လည်ပွဲကို နိုဝင်ဘာ ၁၀ ရက် နံနက် ၈နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ ကထိန်ကျင်းပပြုလုပ်မည့် မြောင်းကြား ဘုန်းတော်ကြီးကျောင်း သို့ စီတန်းလှည့်လည်ကျင်းပ ပို့ဆောင်ခဲ့သည်။

 

45632

 

အဆိုပါဘုံကထိန်ပွဲတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်များမှ ပဒေသာပင်(၂၃)ခု၊ ပစ္စည်းတန်ဖိုးကျပ် (၂,၁၀၇,၈၀၀    )၊ငွေတန်ဖိုးကျပ် ( ၄၂၂,၉၀၀     )၊ စုစုပေါင်းတန်ဖိုးကျပ် ( ၂၅၃၀၇၀၀      ) စိုက်ထူ လှူဒါန်းပြီး နိုဝင်ဘာ ၁၁ ရက် နေ့လယ် ၂နာရီတွင် မြောင်းကြားဘုန်းတော်ကြီးကျောင်း၌ ကထိန်တရား တော်မြတ်ကို နာယူပြီး ကထိန်ဉာတ်သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများကို လှူဒါန်းရေစက်ချအခမ်းအနား ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

မယု(ငဖဲ)