ညောင်ရွှေ ၁၀ နိုဝင်ဘာ
ရှမ်းပြည်နယ် ညောရွှေမြို့နယ်ရှိ အင်းလေးကန်အတွင်းသို့ တန်ဆောင်တိုင် အားလပ်ရက် ရုံးပိတ်ရက်ဖြစ်သည့် နိုဝင်ဘာ ၁၀ ရက်တွင် အနယ်နယ်အရပ်ရပ်မှ ပြည်တွင်း ဧည့်သည်များ ပြည်ပခရီးသွား ဧည့်သည်များလာရောက် လည်ပတ် စည်ကားလျက် ရှိသည်။
အင်းလေးကန်သို့ လာရောက် လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များသည် ညောင်ရွှေမြို့မှတစ်ဆင့် အများဆုံးသွားရောက်လည်ပတ်ကြသည့်အပြင် အင်းလေးကန် အရှေ့ဘက်ကမ်းရှိ မိုင်းသောက်ရွာ၊ နန်းပန်ရွာမှ လည်းကောင်း၊ အင်းလေးကန် အနောက်ဘက်ကမ်းရှိ လွယ်ငြိမ့်ရွာ၊ ရေပူရွာ၊ ခေါင်တိုင်ရွာ တို့မှလည်းကောင်း စက်လှေများဖြင့် သွားရောက်ကြပြီး ဖောင်တော်ဦးဘုရား၊ အလိုတော်ပေါက်ဘုရား၊ ရှေးဟောင်းဘုန်းကြီးကျောင်း၊ ရက်ကန်းလုပ်ငန်း၊ ငွေထည်လုပ်ငန်းများသို့ အများဆုံးသွားရောက် လည်ပတ် ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
(နေမျိုးသူရိန်)


