တံတားဦး  ၁၀  နိုဝင်ဘာ

 

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော တန်ဆောင်မုန်းလပြည့် တန်ဆောင်တိုင်ပွဲတော်တွင် ဆရာတော် သံဃာတော်များကို နံနက် ၇ နာရီတွင် ကူတော်ကျောင်းတိုက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း ကူတော်ကျောင်း ဆရာတော် ဘဒ္ဒန္တ ပဏ္ဏ၀ထံမှ သိရသည်။

 

 

ဘုန်းဘုန်းတို့ကျေးရွာမှာ နှစ်စဉ် ဆရာတော် သံဃာတော်များကို ဝါတွင်းသုံးလကာလပတ်လုံး ဥပုဒ်နေ့တိုင်း ဘုရားစဉ်အလိုက် ဆွမ်းများလောင်းလှူကြပါတယ်၊ ဝါတွင်းသုံးလမှာ တံ၊ ပြေ။ ရွှေ၊ ဂူ၊ မြ၊ ချမ်း ၊ရေ၊ သိမ်၊ တော၊ တောင်၊ ဘုံ၊ ချယ်၊ တိုက်၊ ဘွား ဆိုသည့်ရှေးဘိုးဘွားများ တည်ထား ခဲ့သည့်ဘုရားများ၏ အမည်နာမများကို အတိုကောက်ရေးဖွဲ့ထားခြင်းဖြစ်ကြောင်း၊ ဒါ့အပြင် (၁၂)လ ကာလပတ်လုံး ဆရာတော် သံဃာတော်တွေကို ဆွမ်းကွမ်းမပူပင်ရအောင် လစဉ်ဆွမ်းလောင်းပွဲများ ကျင်းပကြပါတယ် ယခုရောက်ရှိမည့် တန်ဆောင်မုန်းလပြည့် တန်ဆောင်တိုင်ပွဲတော်နေ့တွင်  ဆရာတော် သံဃာတော် အပါး(၁၅၀)ကျော်ကို ဆွမ်း၊ ဆွမ်းဟင်းများ စာရေးတံမဲများ လောင်းလှူ သွားမည်ဖြစ်သည့်အပြင် ကျေးရွာ၏အနောက်ရပ်(၁၂၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် ကိုလည်း ထည့်သွင်းကျင်းမည်ဖြစ်ကြောင်း   ဆရာတော်က ထပ်မံမိန့်ကြား၍ သိရှိရသည် ။

 

ရဲတင့်