ဘားအံ ၁၃ နိုဝင်ဘာ
မြို့ပြနှင့်ကျေးလက် တန်းတူညီမျှဖွံ့ဖြိုးစေရေးသည် ကျေးလက်ဒေသ လမ်းပန်းဆက်သွယ်မှုသည်သာ အဓိကဖြစ်ရာ ထိုမှတစ်ဆင့် ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး စသည့် လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်စရေးအတွက် ရည်ရွယ်၍ လူမှုစီးပွား ဖွံ့ဖြိုးရေးစီမံကိန်း ဂျပန်အခြေခံ ဆောက်အအုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (JIP) မှ ကူညီထောက်ပံ့ တည်ဆောက်မည့် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင်အတွင်း လှိုင်းဘွဲ-ကြာအင်း ချောင်းတံတားအား ပန္နက်တင် မင်္ဂလာအခမ်းအနားကို နိုဝင်ဘာ ၁၂ ရက် နံနက် ၇ ခွဲတွင် ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တာ်ဉက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်ခဲ့ကြကြာင်း သိရသည်။
အခမ်းအနားတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ဂျပန်အခြေခံ အဆောက်အအုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဒု-ဥက္ကဋ္ဌ Mr.ASAKURA Hajime က တံတား တည်ဆောက်ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ကြာအင်းကျေးရွာ ရပ်မိရပ်ဖ တစ်ဦးက တံတားတည်ဆောက်ပေးခြင်းအပေါ် ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစော ချစ်ခင်၊ ဂျပန်အခြေခံ အဆောက်အအုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဒု-ဥက္ကဋ္ဌ Mr.ASAKURA Hajime နှင့် ကြာအင်း ကျောင်းတိုက်ဆရာတော်တို့က လှိုင်းဘွဲ-ကြာအင်း ချောင်းတံတား တည်ဆောက်မည့် မြေနေရာအား ပန္နက်ရိုက် တိုင်စိုက်ထူ ပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သာ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ပွဲသို့ တက်ရာက်ကာ အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်လွှတ်တာ်ဉက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးများနှင့်အတူ မသန်စွမ်းသူ တစ်ဦးလျှင် သုံးသောင်းနှုန်းဖြင့် လှိုင်းဘွဲမြို့နယ်မှ မသန်စွမ်းသူ (၉၃၂)ဦး၊ ပိုင်ကျုံမြို့မှ မသန်စွမ်းသူ (၅၀၉) ဦး၊ ရှမ်းရွာသစ်မြို့မှ မသန်စွမ်းသူ (၅၃)ဦးတို့အတွက် ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများနှင့် မသန်စွမ်းသူများက လက်ခံရယူခဲ့ကြကြာင်း သိရသည်။
ယင်းနာက် ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တာ်ဉက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးများသည် ဘားအံပြည်သူ့ ဆေးရုံကြီးသို့ ရာက်ရှိပြီး နိုဝင်ဘာ (၁၁) ရက် ညပိုင်းတွင် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ပေါ်ရပ်ကွက်များသို့ လှည့်ကင်းI ဆောင်ရွက်နေသော လှည့်ကင်းယာဉ်ပေါ်သို့ မော်တော်ဆိုင်ကယ်မောင်းနှင်သူ လူတစ်ဦးက လက်ပစ်ဗုံးဖြင့် ပစ်သွားခဲ့သဖြင့် တက်ရောက်ကုသနေလျှက်ရှိသော ဒဏ်ရာရ ရဲတပ်ဖွဲ့ဝင်များ၊ အနီးဝန်းကျင်ရှိ ထိခိုက်ခံခဲ့ရသူများအား ထောက့်ငွေများ ပေးအပ်ခဲ့ကြာင်း သိရသည်။
နေမျိုးလွင်(ပြန်ဆက်)


