ဘုတ်ပြင်း ၁၃ နိုဝင်ဘာ
ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ဆောင်ရည် မြှင့်မားရေး(မွမ်းမံ) သင်တန်း (၁/၂၀၁၉) ဖွင့်ပွဲကို ယနေ့နံနက်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန သပြေခန်းမတွင် ပြုလုပ်သည်။
အခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမင်းအောင် က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များထဲမှ အုပ်ချုပ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရာတွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် သက်ဆိုင်သည့် ကဏ္ဍများ၌ အသွင်သဏ္ဍာန်ပိုင်း ပြုပြင်ပြောင်းလဲရေး၊ အနှစ်သာရပိုင်းဖြစ်သည့် စိတ်ဓာတ်ပိုင်း ဆိုင်ရာ ပြောင်းလဲကျင့်သုံးရေး၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး ယန္တရားတွင် တာဝန်ထမ်းဆောင် နေကြသော အုပ်ချုပ်ရေးမှူးများနှင့် စာရေး ဝန်ထမ်းများ၏ လုပ်ငန်းကျွမ်းကျင်မှု အရည်အသွေးပြည့်ဝမှုနှင့် တာဝန်ယူ တာဝန်ခံမှုရှိစေရန်၊ လာဘ်ပေး လာဘ်ယူမှု အဂတိ လိုက်စားမှုများကို တိုက်ဖျက်၍ ထိရောက်သော ဝန်ဆောင်မှု အလေ့အကျင့် များကိုလည်း ဒီမိုကရေစီ ကျင့်စဉ်များနှင့်အညီ လိုက်ပါဆောင်ရွက်နိုင်စေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန် မိမိတို့၏အဆင့်နှင့် လျော်ညီစွာ လုပ်ငန်းတာဝန်များ ကျွမ်းကျင်ပိုင်နိုင်စွာ ထမ်းဆောင်နိုင်ရန် စသည့် သင်တန်းဖွင့်လှစ်ရသည့် ရည်ချက်များကို ရှင်းလင်းပြောကြားသည်။
သင်တန်းတွင် သက်ဆိုင်ရာဌာနများမှ သင်တန်းနည်းပြများက ရုံးစာရေးသားနည်း၊ ခေါင်းဆောင်မှု ဘာသာရပ်၊ မြေယာနှင့် မြေငှားဂရန် ကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ၊ လဝက ဆိုင်ရာကိစ္စရပ်များ၊ ယစ်မျိုးစီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးစည်းမျဉ်း၊ ငါးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးကိစ္စရပ်များ၊ လောင်းကစားဉပဒေနှင့် မူးယစ်ဆေးဝါး ကိစ္စရပ်များ၊ ဉပဒေနှင့်တရာစီရင်ရေး ကိစ္စရပ်များ၊ ကျေးလက်ဒေသ ဖွံဖြိုးရေးနှင့် သစ်တောဆိုင်ရာများ၊ အခွန်ကောက်ခံရရှိမှု ဘာသာရပ်များကို သက်ဆိုင်ရာဌာနများမှ သင်တန်းနည်းပြများက သင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်းသိရသည်။
သင်တန်းတွင်ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ (၅၄) ဦး တက်ရောက် ကြသည်။ သင်တန်းကို နိုဝင်ဘာလ (၁၃) ရက်နေ့မှ (၁၅) နေ့ထိ သင်ကြားပို့ချသွားမည့် ဖြစ်ကြောင်း သိရသည်။
သန်းထွန်းဦး( ပြန်/ဆက်


