ရန်ကုန် ၁၃ နိုဝင်ဘာ
အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဗဟိုအဖွဲ့နှင့် ရန်ကုန်တိုင်း ဒေသကြီးအဖွဲ့ တွေ့ဆုံညှိနှိုင်းအစည်းအဝေးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း MSME Action Plan ဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲ ကိုရန်ကုန်မြို့၊ Park Royal Hotel ပတ္တမြားခန်းမတွင် နိုဝင်ဘာ ၁၃ ရက် နံနက် ၈ နာရီက ကျင်းပခဲ့သည်။
ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ နာယက ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက် အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် တွဲဖက်ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမင်းပိုင်ဟိန်းတို့က အမှာစကားများ ပြောကြားခဲ့ကြပြီး အထွေထွေ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့ ညှိနှိုင်းအစည်းအဝေးအပြီးတွင် တိုင်းဒေသကြီး MSME Action Plan အလုပ်ရုံဆွေးနွေးပွဲကို အဆိုပါ ဟိုတယ်ရှိ Ballroom ၌ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် အခွန်အခ ဆိုင်ရာ ဆောင်ရွက်ရမည့်အစီအစဉ်များ၊ ထုတ်လုပ်မှုစွမ်းအား နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ဆိုင်ရာ ဆောင်ရွက်ရမည့်အစီအစဉ်များ၊ ပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းစေသော MSMEs များ (Green MSMEs) မြှင့်တင်ခြင်းဆိုင်ရာ ဆောင်ရွက်ရမည့် အစီအစဉ်များအပါအဝင် ခေါင်းစဉ် (၈) မျိုးဖြင့် အုပ်စု (၈) စုခွဲ၍ နိုဝင်ဘာ (၁၃) ရက်မှ (၁၄) ရက် အထိ ဆွေးနွေးမည်ဖြစ်ကြောင်းသိရသည်။
ဆန်းကျော်ဦး (ပြန် / ဆက်)


