ကလေး    ၁၃  နိုဝင်ဘာ    

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ယာဉ်ရပ်နားခွန်များကို မြို့၏အဝင်အထွက် နေရာ များတွင် နိုဝင်ဘာ ၂၀ ရက်နေ့မှစ၍ စတင်ကောက်ခံသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၃ ရက်က မြို့တော်ခန်းမတွင် ပြုလုပ်သော ယာဉ်လိုင်းပိုင်ရှင်များနှင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ များ မြို့နယ်စည်ပင်သာယာရေးကော်မတီများ၊ မြို့နယ် မစကအဖွဲ့များ၊ ဒေသတွင်း လူမှု အဖွဲ့အစည်း များနှင့်တွေ့ဆုံ ဆွေးနွေးပွဲတွင် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည် ။

 

ယာဉ်ရပ်နားခွန်များကို မြို့ဝင်မြို့ထွက် နေရာများမှာ ကောက်ခံသွားမှာ ဖြစ်ပါတယ်။ ကလေးဝ အဝင်အထွက် ဂိတ်ရယ်၊ မြို့သာအဝင်အထွက် ဂိတ်ရယ် ကောက်ခံသွားမှာ ဖြစ်ပါတယ်။ ကုန်တင် ကားကြီးတွေဖြစ်တဲ့ ဆယ့်နှစ်ဘီးကားကြီးတွေ ဆယ်ဘီးကားကြီးတွေဆို (၁၀ဝ၀) ကျပ် Bus ကားကြီးတွေဆို (၈၀ဝ) ကျပ် ကားအလတ်ဆို (၄၀ဝ) ကျပ် နဲ့ ကားအငယ်တွေဆို (၃၀ဝ) ကျပ်နှုန်းနဲ့ ကောက်ခံသွားမှာ ဖြစ်ပါတယ်။ ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီ ဉက္ကဋ္ဌ ဦးသောင်းရွှေ က ပြောကြားသည်။

 

အဆိုပါ ယာဉ်ရပ်နားခွန်များ ကောက်ခံရာတွင် အဝေးပြေးယာဉ်လိုင်းမှ နံပါတ်အနီ ကားများ စီးပွားရေး လုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော ကားများအားလုံးကို ကောက်ခံ သွားမည် ဖြစ်သည်။

 

ယာဉ်ရပ်နားခွန်များ ကောက်ခံရာတွင် ချလန်ဖြတ်ပိုင်းဖြင့် ကောက်ခံသွားမည်ဖြစ်ကာ ချလန်တွင် စည်ပင်သာယာရေးကော်မတီတံဆိပ်နှင့် စီမံခန့်ခွဲမှုတံဆိပ်များကို ရိုက်နှိပ်ကောက်ခံ သွားမည် ဖြစ်ကြောင်း သိရသည် ။

 

သျှင်နေမင်း(ဂန့်ဂေါ)