ကျောင်းကုန်း ၁၃ နိုဝင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့ ဇေယျသာရီဘုရားကွင်းတွင် MMA One championship ကမ္ဘာ့လက်ဝှေ့ချန်ပီယံ အောင်လအန်ဆန်နှင့် မြန်အောင်ဒေသခံများ တွေ့ဆုံပွဲကို ယနေ့ နေ့လယ်က ကျင်းပခဲ့သည်။

 

မြန်မာ့သြဘာ ကုမ္ပဏီလီမိတက် ပံ့ပိုးကူညီမှုနှင့် မြန်အောင်မြို့ မြန်မာ့သြဘာကိုယ်စားလှယ် ကိုပြည့်သာထွန်း + မမြသက်ဆွေ စိန်သီဟ စိုက်ပျိုးရေးပစ္စည်းဆိုင်တို့၏ စီစဉ်ဆောင်ရွက်မှုတို့ဖြင့် နိုင်ငံ့ဂုဏ်ဆောင် (One Championship) ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန် (Aung La Nsang) နှင့် မြန်အောင်မြို့နယ်အတွင်းရှိ ပြည်သူများ တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး လူငယ်များ ရည်မှန်းချက်ထား ကြိုးစားကြရန်နှင့် ၎င်း၏ပွဲအတွေ့ အကြုံများ၊ ယှဉ်ပြိုင်ထိုးသတ်ပုံတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

 

ဝင်းဗိုလ် (မြန်အောင်)