နေပြည်တော် ၁၃ နိုဝင်ဘာ

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ငြိမ်းချမ်းမေတ္တာအဖွဲ့ (RfP-International)မှ နာယက Bishop Gunnar Stalsett နှင့် ငြိမ်းချမ်းမေတ္တာအဖွဲ့ (RfP-Myanmar) မှ ဥက္ကဋ္ဌ ဦးမြင့်ဆွေ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ်(၃၁) ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံရာတွင် နိုဝင်ဘာ ၁၄ ရက်မှ ၁၅ ရက်အထိ နေပြည်တော် ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်တွင် ငြိမ်းချမ်းမေတ္တာအဖွဲ့(မြန်မာနိုင်ငံ)မှ ကြီးမှူး၍ ကျင်းပမည့် "မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး တတိယအကြိမ် အကြံပြုဆွေးနွေးပွဲ" အခမ်းအနားနှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

သတင်းစဉ်