ပေါင် ၁၃ နိုဝင်ဘာ

 

မွန်ပြည်နယ် ပေါင်မြို့နယ်တွင် နှစ်စဉ်နှစ်တိုင်း တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း စုပေါင်းစာရေးတံမဲ ဆွမ်းကြီးလောင်းလှူပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော်ကို ကျင်းပလျက်ရှိရာ ယခုနှစ်တွင်လည်း တန်ဆောင်မုန်းလပြည့်နေ့မှ လပြည့်ကျော်နှစ်ရက်နေ့အထိ ရပ်ကွက်/ကျေးရွာ အသီးအသီးတွင် စတုဒိသာများ ကျွေးမွေးဧည့်ခံခြင်းကို အစဉ်အလာမပျက် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

 

အဆိုပါ စတုဒိသာကျွေးမွေးဧည့်ခံပွဲတွင် ထမင်းကြက်သားဟင်း၊ ကြာဆံချက်၊ ဖျော်ရည်အမျိုးမျိုး၊ မုန့်ဟင်းခါး၊ ယိုးဒယားမစ်ရှိတ်၊ ရေခဲမုန့်၊ သင်္ကြန်ထမင်း၊ ကြက်ပဲကုလား၊ ဖါလူဒါ၊ ခေါက်ဆွဲကြော်၊ အကြော်စုံ၊ ကြာဆံကြော်၊ ဆိတ်သားဖက်ခင်းထမင်း၊ အသုတ်စုံ အစရှိသည်တို့ကို ရပ်ကွက်ကျေးရွာများအလိုက်၊ လမ်းအလိုက်၊ အပိုင်းအလိုက် ကျွေးမွေးဧည့်ခံပေးလျက်ရှိကြောင်း သိရသည်။

 

ကိုဟိန်း(ပေါင်)