နေပြည်တော် ၁၃ နိုဝင်ဘာ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် "ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ" ကို အတည်ပြုပြီးစီး၍ နိုဝင်ဘာ ၁၉ ရက်တွင် တရားဝင်မိတ်ဆက်ဖြန့်ချိမည့် အခြေအနေ၊ ပထမအဆင့်အနေဖြင့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ကျေးရွာအချို့၌ ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဦးစွာစတင်မည့်အခြေအနေ၊ ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိသွားသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီယံအဖွဲ့မှ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းနယ်ပယ် ()ခုအတွက် စီမံကိန်း(၃၇)ရပ် ဖော်ထုတ်ထားပြီး ၎င်းတို့အနက်မှ ဦးစားပေး စီမံကိန်း()ခု ဆောင်ရွက်ရေးကိစ္စ၊ ၂၀၁၇ ခုနှစ်မှစတင်၍ ကုလသမဂ္ဂဖွံဖြိုးမှုအစီအစဉ် (UNDP) နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ရခိုင်ပြည်နယ်တွင် မတည်ငြိမ်ဖြစ်မှုများကြောင့် လုပ်ငန်းနှောင့်နှေးနေခဲ့သော "ရခိုင်ပြည်နယ် ပူးတွဲလေ့လာဆန်းစစ်မှု အစီအရင်ခံစာအကျဉ်း" ထုတ်ပြန်နိုင်မှု အခြေအနေ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူများ ရခိုင်ပြည်နယ်သို့ သွားရောက်နိုင်ရေးကိစ္စ ကော့ဘဇားသို့အာဆီယံ အပါအဝင် မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်ရေးအစီအစဉ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေအားလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီသို့ တင်ပြထားမှုများဆွေးနွေးပြီး ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် သတင်းအချက်အလက်များ၊ ကော့ဘဇားရှိ ဒုက္ခသည်စခန်းများအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေမည့်နည်းလမ်းများကို ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်