နေပြည်တော် ၁၃ နိုဝင်ဘာ
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ နိုဝင်ဘာ ၁၄ ရက်မှ ၁၅ ရက်အထိကျင်းပမည့် (၂၅)ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ယနေ့ည ၇ နာရီတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားရာ ဌာနဆိုင်ရာတာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
သတင်းစဉ်


