နတ်မောက်  ၁၄ နိုဝင်ဘာ

 

နတ်မောက်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ရွေ့လျား စာကြည့်တိုက်ယာဉ်ဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများနှင့် ကျေးရွာများသို့ သွားရောက်၍ စာအုပ်စာစောင်များ ဖတ်ရှုလေ့လာနိုင်ရန် နယ်လှည့် စာကြည့်တိုက် ဖွင့်လှစ်၍ စာဖတ်ရှိန်မြှင့်တင်ရေး သုတ၊ရသ မျိုးစုံယူဆောင်ပြီး သွားရောက် ငှားရမ်းပေးလျက်ရှိသည်။

 

၁

 

ထိုသို့ငှားရမ်းပေးရာတွင် ယမန်နေ့နံနက်ပိုင်းက တံခွန်တိုင်(အ.ထ.က)(ခွဲ)ကျောင်းသို့ စာအုပ်များ သွားရောက် ငှားရမ်းပေးခဲ့ရာ ကျောင်းသား/သူများနှင့် ဆရာ/မများ စိတ်ပါဝင်စားစွာ ငှားရမ်းဖတ်ရှု့ကြကြောင်း သိရသည်။  ဆက်လက်၍ ပိတောက်ငုတ် (အ.လ.က)၊ အင်းကုန်း (အ.လ.က)(ခွဲ)၊ ကျောင်းများသို့လည်း သွားရောက် ငှားရမ်း ပေးလျက်ရှိရာ “ယခုလို လာရောက် ငှားရမ်းပေးတဲ့အတွက်ကျွန်မတို့ ဖတ်ရှု့လိုသော စာအုပ်များကို အလွယ်တကူ ဖတ်ရှု့ရပါတယ်။ ကျွန်မတို့က သမိုင်းစာအုပ်များကို ပိုမိုကြိုက်နှစ်သက်ပါတယ်ဟု အဋ္ဌမတန်း ကျောင်းသူ မကေခိုင်ဖြိုး ကပြောသည်။   

 

နတ်မောက်မြို့နယ်တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း Mobile Library ကားဖြင့် သုတ၊ရသ စာအုပ် (၃၀ဝ၀) ကျော် ယူဆောင်၍ ကျေးရွာ(၂၀)ရွာသို့ နှစ်ပတ်လျှင်(၁)ကြိမ်သွားရောက် ငှားရမ်း ပေးလျက် ရှိကြောင်း သိရသည်။                                                                                             

 

ဥမ္မာခင်