ဆားလင်းကြီး   ၁၄  နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် မြန်မာ့လယ်ဖွံ့ဖြိုးရေးဘဏ်မှ ဆောင်းသီးနှံစိုက်ပျိုး တောင်သူများအတွက် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက ဆက်လက် ထုတ်ချေး ပေးလျက်ရှိကြောင်း သိရသည်။

 

ဆောင်းသီးနှံ စိုက်ပျိုးမည့် တောင်သူများ စိုက်ပျိုးချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် သတ်မှတ် စည်းကမ်းများနှင့်အညီ ငွေစာရင်းစာအုပ် ဖွင့်လှစ်ပြီး လယ်ယာမြေ ပုံစံ(၇)နှင့်အညီ  ဦးပိုင်အမည်ပေါက် မှန်ကန်မှုရှိ/မရှိ  စစ်ဆေး၍ ကိုက်ညီသော တောင်သူတစ်ဦးချင်းအလိုက် မြန်မာ့လယ်ယာ ဖွံဖြိုးရေးဘဏ်မှ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ပုံစံ(၇) အပေါင်ထားရှိကာ  စိုက်ပျိုးစရိတ် ချေးငွေများကို ထုတ်ချေးပေးလျက်ရှိကြောင်း ဆားလင်းကြီးမြို့နယ်  မြန်မာ့ လယ်ယာ ဖွံဖြိုးရေးဘဏ် မန်နေဂျာ ဦးဘိုဘိုထံမှ သိရသည်။

 

ဆားလင်းကြီးမြို့နယ် မြန်မာ့လယ်ယာ ဖွံဖြိုးရေးဘဏ်က မြို့နယ်တွင်းရှိ ဆောင်းသီးနှံစိုက်ပျိုးမည့် ကျေးရွာအုပ်စု (၆)အုပ်စုမှ တောင်သူ(၅၆၈)ဦး၏ ကုလားပဲ(၁၅၂၈)ဧက၊ မြေပဲ (၂၇၆)ဧက၊ နှမ်း(၁၇၄၅)ဧက ၊ ပဲတီစိမ်း (၁၄၉)ဧက အတွက် တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် စုစုပေါင်း သီးနှံစိုက်ဧက (၃၆၉၈)ဧကအတွက် စိုက်ပျိုးစရိတ် ချေးငွေငွေကျပ် (၃၆၉၈)သိန်းအား ထုတ်ချေး ပေးပြီး ဖြစ်ကြောင်း သိရသည်။

 

ဇော်လင်း(ဆားလင်းကြီး)