ရန်ကုန် ၁၄  နိုဝင်ဘာ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်မှကြီးမှူးပြီး စိုင်းဇော်ဇော် Group မှ စီစဉ်သော မြန်မာ-ထိုင်း-ကာ့ဒ်ဒစ္စတန် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ (LETHWEI Fight 3) ကို ရန်ကုန်မြို့ သိမ်ဖြူအားကစားရုံ (Yangon Thein Phyu Stadium) တွင် နိုဝင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ထိုးသတ်မည့်တွဲဆိုင်းများမှာ  ရန်ကုန်ကလပ်အသင်းများ၊ မျိုးဆက်သစ် သုံးချီစိန်ခေါ်ပွဲတွင် ပိုင်သက်အောင် (ကညောသွီး) နှင့် သန်းဖြိုးဇော် (ထွန်းသွင်)၊ စောချစ်သဲ (ဇာတိမာန်) နှင့် အာကာဖြိုး (ထွန်းသွင်) ဝင်းနိုင်ထွန်း (TEAM.PT) နှင့် စောအံ့ကြီး (ကညောသွီး) တို့ကလည်းကောင်း၊ အထူးလေးချီစိန်ခေါ်ပွဲများတွင် ဗညား(နဂါးမာန်) နှင့် သက်ဦးကျော် (ထွန်းသွင်) ကြယ်တံခွန် (မုဒုံသား) နှင့် သွေးလင်းထက် (အဲကညော) တို့ကလည်းကောင်း၊ အထူးငါးချီစိန်ခေါ်ပွဲများတွင် စောရည်ထူး (သတ္တိ) နှင့် ဆလိုင်းချမ်းမြေ့ကို (အဲကညော) လက်သီးမိုး (ရွိုင်ရယ်ဒီ/ရွှေသထုံ) နှင့် သက်ဆိုးပေ (တိုက်ဂါး) ဟံသာဝတီ (အဖြူရောင်သွေးသစ်) နှင့် ရွှေချစ်အောင် (တိုက်ဂါး) ရဲသွေးနီ (တောင်ကလေး) နှင့် မီဘွန်း(ထိုင်း) ပိုက်ထွေး(ရွိုင်ရယ်ဒီ/ရွှေသထုံ) နှင့် အလီ (ကာ့ဒ်ဒစ္စတန်) တွဲဆိုင်းများ ပါဝင်ထိုးသတ်မည်။

ထို့အပြင် ရန်ကုန်ကလပ်အသင်းများ မျိုးဆက်သစ်လက်ရည်စမ်းပွဲ (၁၂)ပွဲ ဆက်လက်ကျင်းပမည်ဟု ပွဲစီစဉ်သူ ဦးစိုင်းဇော်ဇော်ထံမှ သိရသည်။

ပွဲမစမီ နေ့လယ် (၁၂) နာရီကစတင်ပြီး ခြင်္သေ့မင်းကလပ် (Happy Lethwei Hall) တွင် ကလေးများနှင့် လူကြီးများပါ လက်အိတ်ဆွတ်ပြီး သဲအိတ်ထိုး၊ သဲအိတ်ကန်၊ ပက်ကန်၊ ရင်လက်ဝှေ့သမားဘဝ ခေတ္တအပျော်ခံစားနိုင်သည်ဟုလည်း သိရှိရသည်။ (၁၂) နှစ်အောက် ကလေးများ လက်ဝှေ့လက်မှတ် အခမဲ့ဖြစ်၍ ကလေးများကို ခေါ်လာနိုင်သည်ဟု သိရှိရသည်။ ပွဲကြည့်သူများအား လက်ဆောင်များ မဲဖောက်ပေးပြီး ပွဲလာကြည့်သည့် ပရိသတ်အား Royal-D အအေးဗူးများ တိုက်မည်ဖြစ်ကြောင်းနှင့်  လက်မှတ်များကို 09-254214160 သို့  ဆက်သွယ်မှာယူနိုင်ကြောင်း  သိရသည်။

ခင်ခင်ဝင်း(ပညာရေး)