မိုင်းယောင်း ၁၄ နိုဝင်ဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မော်တော်ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်လုပ်ငန်းများကို တာချီလိတ်မြို့နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ နိုဝင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်တွင် အမှတ်(၈)ရပ်ကွက်ရှိ မြို့နယ်မထသရုံး၌ နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း (ပြန်/ဆက်)


