ဒေးဒရဲ  ၁၄   နိုဝင်ဘာ 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျုံဘုတ်ကျေးရွာအုပ်စု စက်ကုန်းကျေးရွာတွင် ယနေ့ မွန်းလွဲ ၂ နာရီအချိန်က တိုးမြစ်ကမ်းပါးနိမ့်လျှောဆင်းခြင်းကြောင့် မြေပြိုကျမှုများ ဖြစ်ပေါ်ခဲ့ရာ လူနေအိမ်များ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

 

s

 

တိုးမြစ်ကမ်းပါးနိမ့်လျှောဆင်းခြင်းကြောင့် အလျား ပေ ၁၂၀ ၊ အနံ ပေ ၈၀ ခန့် မြေပြိုကျမှုများ ဖြစ်ပေါ်ခဲ့ပြီး သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း လူနေအိမ် နှစ်လုံးနှင့် သွပ်မိုး၊ ကျောက်ပြားကာ၊ ပျဉ်ခင်း လူနေအိမ် တစ်လုံး၊ စုစုပေါင်း လူနေအိမ် သုံးလုံးအား ဖြိုဖျက်ကာ မိသားစုဝင်များအား ဘေးလွတ်ရာ ဆွေမျိုးများထံသို့ ပြောင်းရွှေ့နေရာချထားခဲ့ပြီး မြေပြိုကျမှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးခြင်း မရှိကြောင်းသိရသည်။

 

d

 

အဆိုပါ မြေပြိုကျသည့်နေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်၊ မီးသတ်ဦးစီးမှူး ဦးတင်ဌေးနှင့် အဖွဲ့များ သွားရောက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး မိသားစုဝင်များအတွက် လိုအပ်သောထောက်ပံ့မှုများရရှိရေး စီစဉ်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)