သာယာဝတီ ၁၄ နိုဝင်ဘာ

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်တွင် ကမ္ဘာ့ချန်ပီယံအောင်လအန်ဆန်နှင့် သာယာဝတီမြို့သူမြို့သားများ လယ်သမားများ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံမိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့ ညနေ ၃ နာရီက ခရိုင်အားကစားကွင်း၌ ကျင်းပခဲ့သည်။

 

74

 

အခမ်းအနားတွင် အောင်လအန်ဆန်က မိတ်ဆက်စကားပြောကြားပြီး ကစားသမားဘဝ အတွေ့အကြုံများကို ရှင်းလင်းပြောကြားရာ၌ ပညာရှာချိန်ပညာရှာ စီးပွားရှာချိန်စီးပွားရှာမှသာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်ကြောင်း အားကစားလုပ်မည်ဆိုပါက ထူးချွန်အောင်မြင်အောင် လုပ်ကြဖို့လိုအပ်ကြောင်း၊ ကျွန်တော်က MMA နဲ့လိုက်ဖက်ကြောင်း၊ နောင်(၂)နှစ်ကစားပြီးပါက နားမည်ဖြစ်ကြောင်း၊ မိမိမှာ ကချင်တိုင်းရင်းသားဖြစ်ပြီး အသက် (၃၄)နှစ်ရှိပြီဖြစ်ကြောင်း၊ MMA ပြိုင်ပွဲ (၃၆) ပွဲ ကစားရာတွင် (၂၆) ပွဲ နိုင်ခဲ့ကြောင်း၊ အထူးသဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများသည် ပညာရေး၌ ကြိုးစားစေ လိုကြောင်းပြောကြားပြီး အားပေးခဲ့ကြတဲ့ပရိသတ်အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် ဆက်လက်ကြိုးစားသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

သန့်ဇော်(ပြန်/ဆက်)