စစ်ကိုင်း ၁၄ နိုဝင်ဘာ
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် ယနေ့တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)၌ ပထမနှစ်သင်တန်း တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများ အတည်ပြုရွေးချယ်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။
ယခုပညာသင်နှစ်တွင် ဝေးလံခေါင်းပါးသော နယ်စပ်ဒေသများမှ သင်တန်းသား၊ သင်တန်းသူ (၃၀၇)ဦးအား ပညာရေးဘွဲ့ သင်တန်း (၅)နှစ် သင်ကြားပေးသွားမည်ဖြစ်ပြီး ကျောင်းဆင်းပြီးပါက ပညာရေးဘွဲ့အပ်နှင်းကာ ပညာရေးဝန်ကြီးဌာနတွင် အထက်တန်းပြနှင့် လစာနှုန်းတူ ရာထူးနေရာများတွင် နိုင်ငံ့ဝန်ထမ်းများအဖြစ် ခန့်အပ်ပေးသွားမည် ဖြစ်သည့်အပြင် မဟာပညာရေးဘွဲ့ ဆက်လက်သင်ယူရန် အဆင့်မီသူများကိုလည်း လုပ်ငန်းခွင်အတွင်းမှပင် ဆက်လက်ပညာသင်ယူစေခွင့် ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


