နေပြည်တော် ၁၄ နိုဝင်ဘာ
ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဦးကျော်မြင့်သည် ရန်ကုန်မြို့၊ အမေရိကန်သံရုံးမှ ပထမအတွင်းဝန် Ms. Amy Roth အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-6) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ အလုပ်သမားရေးရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ကော်မတီအနေဖြင့် တာဝန်ယူဆောင်ရွက်ရသည့် ဥပဒေရေးရာကိစ္စရပ်များ၊ ILO အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်း စွာဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


