နေပြည်တော် ၁၄ နိုဝင်ဘာ 


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ဂျပန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန International Bureau ၏ အငြိမ်းစားညွှန်ကြားရေးမှူးချုပ် Mr. Daikichi Monma နှင့်အဖွဲ့အား ယနေ့နံနက် ၉ နာရီခွဲတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ Financial Action Task Force (FATF) ၏ အကဲဖြတ်အကြံပြုချက်များအား မြန်မာနိုင်ငံက လိုက်နာဆောင်ရွက်ရေးဆိုင်ရာကိစ္စ၊ မြန်မာနိုင်ငံက ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီနှင့် လုပ်ငန်းကော်မတီဖွဲ့စည်း၍ ဆောင်ရွက်နေမှု၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေဆိုင်ရာ အမိန့်ထုတ်ပြန်ဆောင်ရွက်မှု၊ FATF ၏ အကဲဖြတ် အကြံပြုချက်များအား သတ်မှတ်ကာလအတွင်း ဆောင်ရွက်ပြီးစီးနိုင်မှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မင်းရဲပိုင်ဟိန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ များဖြစ်ကြသော ဦးစိုမင်းနှင့် ဦးဘိုဘိုငယ်၊ နိုင်ငံတော် စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်