နေပြည်တော် ၁၄ နိုဝင်ဘာ
သစ်တောနည်းဥပဒေ (မူကြမ်း) အပေါ် အကျိုးသက်ဆိုင်သူများ၏ ဖြည့်စွက်အကြံပြုချက်များ ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ဒုတိယအကြိမ် ကျွမ်းကျင်သူစကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ Green Hill Hotel ၌ကျင်းပသည်။
ဆွေးနွေးပွဲတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ ကျွမ်းကျင်ပညာရှင်များ၊ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဒေသခံတိုင်းရင်းသား ကိုယ်စားလှယ်များ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပ အစိုးရမဟုတ်သော အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက သစ်တောနည်းဥပဒေ (မူကြမ်း) အပေါ် အကြံပြုဆွေးနွေးကြသည်။
အဆိုပါ ဆွေးနွေးပွဲမှ ရလဒ်များကို အခြေခံပြီး သစ်တောနည်းဥပဒေ (မူကြမ်း) ကို ပြည့်စုံအောင်ပြုစု၍ ဒီဇင်ဘာလအတွင်း ကျင်းပမည့် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေပွဲ၌ ထပ်မံဆွေးနွေးအတည်ပြု သွားမည်ဖြစ်ကြောင်း သိရသည်။
သစ်တောဥပဒေကို ၁၉၀၂ ခုနှစ်တွင် စတင်ပြဌာန်းကျင့်သုံးခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် အသစ်ပြဌာန်း၍ ကျင့်သုံးလာခဲ့ရာ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် အသစ်ပြန်လည် ပြဌာန်းခဲ့ပြီး ယင်းဥပဒေသစ်နှင့်အတူ သစ်တောဦးစီးရုံးချုပ်မှ ဦးဆောင်ရေးဆွဲပြုစုခဲ့သည့် သစ်တောနည်းဥပဒေ (မူကြမ်း) တွင် အခန်း (၁၅)ခန်း နည်းဥပဒေ (၁၃၆)ခု ပါရှိသည်။
သန့်ဇော်


