နေပြည်တော် ၁၄ နိုဝင်ဘာ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး မစ္စတာ တင်ပ်အန်ဒါလင်နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ချမှတ်ထားသည့် စံ(၅)ချက်နှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု၊ ၂၀၁၅ ခုနှစ်တွင် ရေးဆွဲကျင့်သုံးခဲ့သည့် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ် Code Of Conduct (CoC) ကို ပြန်လည်မွမ်းမံ ပြင်ဆင်နိုင်ရေးအတွက် နိုင်ငံရေးပါတီများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများနှင့် တွေ့ဆုံပွဲများကျင်းပမည့် အစီအစဉ်၊ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြုစုပြီးစီးခဲ့မှုနှင့် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာမည့် အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


