ထီးချိုင့်  ၁၅   နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊  ကသာခရိုင်၊   ထီးချိုင့်မြို့နယ်၌ ပရဟိတလူငယ်များမှ  ကြီးမှူးကျင်းပသော  ဇီဝိတအလင်းပရဟိတဆေးခန်း  (၅)  နှစ်ပြည့် အထိမ်းအမှတ် စာပေဟောပြောပွဲကို ယမန်နေ့ညနေ  ၇  နာရီအချိန်တွင် မြို့မအားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်  ဦးသိန်းဟန်မှ အဖွင့်အမှာစကား ပြောကြားပြီး အခမ်းအနားကို စတင်ခဲ့သည်။ ဆက်လက်၍ စာရေးဆရာ သရဝဏ် (ပြည်) မှ နိုင်ငံတစ်နိုင်ငံ ဖွံဖြိုးတိုးတက်ဖို့ဆိုရင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမစမ်းစမ်းနွဲ့ (သာယာဝတီ) မှ ဝတ္ထုကဗျာများမှ ပြောပြတဲ့ ပစက္ခမြန်မာပြည် ခေါင်းစဉ်ဖြင့် စာပေဗဟုသုတ အဖြာဖြာကို ဟောပြောခဲ့သည်။ ထို့နောက် စာရေးဆရာ သရဝဏ် (ပြည်) နှင့်   စမ်းစမ်းနွဲ့ (သာယာဝတီ) တို့အား မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌ ဦးဘဝင်းနှင့် ကိုဉာဏ်ထွန်းတို့က အမှတ်တရဂုဏ်ပြု လက်ဆောင်များ ပေးအပ်ခဲ့သည်။

 

ရဲလင်းထွန်း (ပြန်ဆက်)